AWS - Common Data Transfer Cost
Architecture ဆွဲတဲ့အခါ service fee နဲ့ compute fee တွေကိုသာမက၊ ကိုယ် Workload ပေါ်မူတည်ပြီး data transfer cost တွေကိုပါ ထည့်သွင်းစဥ်းစားသင့်ပါတယ်။ AWS SAA Exam မှာလဲ Domain 4 မှာ Design Cost-Optimized Architectures ဆိုပြီး 20% အထိ ထည့်သွင်းထားတာမို့ အချိန်ရရင် AWS documentation နဲ့ Pricing Calculator ကိုသွားပြီး အသေးစိတ် လေ့လာထားပြီး ရင်းနီးအောင် လုပ်ထားသင့်ပါတယ်။
1. AWS နှင့် Internet ကြား Data Transfer Cost
Inbound (Ingress) ဆိုတာက အပြင်ဘက် Internet ကနေ AWS ထဲကို ဝင်လာတဲ့ Data ဖြစ်ပါတယ်။ အများအားဖြင့် AWS Inbound Data Transfer ဟာ Free ဖြစ်ပါတယ်။
(ဥပမာအနေနဲ့ သုံးစွဲသူတွေက Web Application ကို File Upload လုပ်တာ၊ API Request တွေ AWS Server ဆီ ပို့လာတာတွေကို Inbound Traffic လို့ခေါ်နိုင်ပါတယ်။)
Outbound (Egress) ဆိုတာက AWS ထဲကနေ အပြင်ဘက် Internet ဆီ Data ပြန်ထွက်သွားတာကို ဆိုလိုပါတယ်။ ဒီ Outbound Data Transfer ဟာ အများအားဖြင့် ကုန်ကျစရိတ်ရှိ ပါတယ်။
(ဥပမာအနေနဲ့ User တွေဆီ Web Page, Image, Video File တွေကို ပြန်ပို့ပေးတာ၊ S3 Bucket ထဲက Object တွေကို Internet ကနေ Download လုပ်တာတွေဟာ Outbound Traffic ဖြစ်ပါတယ်။)
E-commerce လို usage မျိုးမှာတော့ Amazon CloudFront ကို အသုံးပြုကာ Outbound Data Transfer ပမာဏကို လျော့ချနိုင်ပါတယ်။ CloudFront က Edge Location တွေမှာ Content ကို Cache လုပ်ထားပေးတာကြောင့် User Request တွေကို Origin (ဥပမာ S3 သို့မဟုတ် ALB) ဆီ မသွားဘဲ Edge Location ကနေပဲ Response ပေးနိုင်ပါတယ်။ ဒါကြောင့် Origin မှ ထွက်တဲ့ Outbound Data Transfer ပမာဏကို လျော့ချနိုင်ပြီး Cost Optimize ဖြစ်ပါတယ်။
2. AWS အတွင်း Data Transfer Cost (Intra-AWS Data Transfer)
(က) Workload နှင့် အခြား AWS Services များကြား Data Transfer
Single Region အတွင်း မှာ Internet Gateway ကို ဖြတ်သွားတဲ့ Traffic အတွက် Data Transfer Fee မရှိပါဘူး။
ဒါပေမယ့် Private Subnet ထဲမှာရှိတဲ့ resource တွေက NAT Gateway မှတဆင့် ဖြတ်သွားတဲ့ အတွက်တော့ Per-GB Data Processing Charge ကျပါတယ်။
Inter-Region Data Transfer ဆိုတာက Region တစ်ခုကနေ တစ်ခုဆီ Data ပို့တဲ့အခါ ကုန်ကျတဲ့ Fee ဖြစ်ပါတယ်။ Source Region နဲ့ Destination Region ပေါ်မူတည်ပြီး GB အလိုက် charge မတူနိုင်ပါဘူး။
(ဥပမာ us-east-1 ကနေ ap-southeast-1 ကို Data ပို့ရင် Inter-Region Data Transfer Charge ကျပါမယ်။)
*အဲ့အတွက် Private Subnet ထဲကနေ Amazon S3 သို့မဟုတ် DynamoDB ကို Access လုပ်ချင်ရင် VPC Gateway Endpoint ကို အသုံးပြုနိုင်ပါတယ်။ VPC Endpoint ကို သုံးလိုက်တဲ့အခါ Traffic က AWS ရဲ့ Private Network ထဲမှာပဲ လည်ပတ်သွားပြီး NAT Gateway ကို မဖြတ်ရတော့သလို Internet ထွက်စရာလည်း မလိုတော့ပါဘူး။ *
(ခ) Workload Components အကြား Data Transfer
Availability Zone (AZ) တစ်ခုအတွင်း မှာရှိတဲ့ Resource တွေအကြား Data Transfer ဟာ Free ဖြစ်ပါတယ်။ *(ဥပမာ us-east-1a ထဲမှာရှိတဲ့ EC2 Instance နှစ်ခုကြား Data Transfer ဖြစ်ပါတယ်။) * မတူညီသော Availability Zone များကြား (Cross-AZ) Data Transfer အတွက်တော့ per GB နှုန်းနဲ့ ကုန်ကျစရိတ်ရှိပါတယ်။
(ဥပမာ EC2 (AZ A) နဲ့ EC2 (AZ B) ကြား၊ EC2 (AZ A) နဲ့ RDS (AZ B) ကြား Data Transfer မျိုးကိုဆိုလိုတာဖြစ်ပါတယ်။)
RDS Multi-AZ Deployment မှာဆိုရင် Primary နဲ့ Standby Instance ကြား Replication Traffic အတွက်တော့ User ဘက်က Data Transfer Fee မပေးရပါဘူး။
ဒါပေမယ့် Application Server (EC2) က RDS Primary Instance နဲ့ မတူညီတဲ့ AZ မှာရှိနေပြီး Database ကို Access လုပ်တဲ့အခါ၊ အဲဒီ Application Traffic အတွက်တော့ Cross-AZ Data Transfer Charge ကျသင့်ပါတယ်။
အချိန်ရရင် အောက်က aws blogsလေးထဲမှာ ဖတ်နိုင်ပါတယ်။ တကယ်လဲ အသုံး၀င်ပါတယ်။
Discussion
Join the conversation
How do you feel about this article?
Comments
Sign in to join the conversation
Sign in to be the first to comment!
Share Your Article
Share with your professional network
Recent Articles

AWS - Application Load Balancer
Elastic Load Balancing (ELB) ELB ဆိုတာကတော့ request တွေကို တစ်နေရာတည်းမှ လက်ခံကာ Amazon EC2 instances၊ containers, etc.....

Terraform Day 3: Benefits of Terraform State
Terraform ကိုလေ့လာ တဲ့အခါ ကျွန််တော်တို့ရဲ့ Project Folder ထဲမှာ terraform.tfstate ဆိုတဲ့ ဖိုင်လေးကို တွေ့ဖူးကြပါလိမ့်မယ...

Terraform Day 2: Essential IaC Principles You Must Know
မနေ့ကတော့ Terraform အကြောင်း အကြမ်းဖျင်း Concept ကို ပြောပြခဲ့ပြီးပြီဆိုတော့ ဒီနေ့မှာတော့ Terraform ကို Professional ကျက...

TCP/IP Protocol
အားလုံးပဲမင်္ဂလာပါ။ ဒီနေ့ ကျွန်တော်တို့ TCP/IP Protocol အကြောင်း ဆွေးနွေးသွားပါမယ်။ ပထမဆုံးအနေနဲ့ TCP/IP ရဲ့ History လေး...

Terraform Day 1: Introduction to IAC and Terraform
ကျွန်တော်တို့ cloud အကြောင်း စပြောကြပြီဆိုရင် အရင်ဆုံး ခေါင်းထဲရောက်လာတာ Console ထဲဝင်၊ UI ကနေ ခလုတ်လေးတွေ လိုက်နှိပ်ပြီ...

