Traditional VPC Peering Problem
VPC Peering ကိုပဲ အသုံးပြုထားတဲ့ architecture တွေဟာ VPC များလာလေလေ mesh connections များလာပြီး network design ရှုပ်ထွေးလာတတ်ပါတယ်။
အကြောင်းရင်းကတေ့ VPC Peering မှာ transitive routing မရတာကြောင့် VPC တစ်ခုချင်းစီကို ချိတ်တဲ့အခါ VPC 5 ခုရှိရင် peering links 10 အထိ သုံးပေးရပါတယ်။
Transit Gateway Solution
ဒီလိုမျိုး complexity ကို AWS ရဲ့ Transit Gateway သုံးပီး အလွယ်တကူ ချိတ်နိုင်ပါတယ်။ (ဥပမာ All VPCs → One TGW → Everything Connects) ။ TGW သုံးခြင်းရဲ့ အားသာချက်က architecture simplification ပါ။
TGW က VPCs တွေသာမက On-premises networks, Direct Connect, VPN, SD-WAN appliances တွေကိုပါ central hubအဖြစ် ချိတ်ဆက်ပေးနိုင်တဲ့ AWS ရဲ့ managed service ဖြစ်ပါတယ်။
TGW က central hub အဖြစ်သုံးပြီး သူနဲ့ attached လုပ်မဲ့ VPC, VPN, Direct Connect, TGW Peering တွေဟာ spoke အဖြစ် ချိတ်ဆက်လိုက်ပါတယ်။ ပြီးတော့ TGW က ပဲ traffic flow , routing decisions ကိုအကုန် manage လုပ်ပေးပါတယ်။
Network security လည်း တစ်နေရာတည်းက control လုပ်နိုင်ပြီး multiple TGW route tables နဲ့ environment segmentation, policy enforcement တွေလိုအပေးအပျက်တွေကို clean design နဲ့ setup လုပ်နိုင်ပါတယ်။
Performance အနေနဲ့လည်း AWS backbone optimized routing ကိုအသုံးပြုတာကြောင့် latency နည်း, throughput များ, inter-region traffic အတွင်းမှာ encryption အလိုအလျောက်ပါလာပါတယ်။
TGW တွင် multiple route tables ထားနိုင်တာကြောင့် network segmentation, isolated routes, shared services VPC pattern စတာတွေကိုလည်း architect လုပ်ရတာ အလွန်လွယ်ကူလာပါတယ်။

Tips
အကျဉ်းချုပ်ပြောရင် TGW က multi-VPC, multi-account, multi-region, hybridcloud workloads တွေအတွက် network infrastructure ကို clean, scalable, secure design အဖြစ် သုံလို့ရတဲ့ AWS service တစ်ခုပဲဖြစ်ပါတယ်။
Discussion
Join the conversation
How do you feel about this article?
Comments
Sign in to join the conversation
Sign in to be the first to comment!
Share Your Article
Share with your professional network
Recent Articles

AWS - Application Load Balancer
Elastic Load Balancing (ELB) ELB ဆိုတာကတော့ request တွေကို တစ်နေရာတည်းမှ လက်ခံကာ Amazon EC2 instances၊ containers, etc.....

Terraform Day 3: Benefits of Terraform State
Terraform ကိုလေ့လာ တဲ့အခါ ကျွန််တော်တို့ရဲ့ Project Folder ထဲမှာ terraform.tfstate ဆိုတဲ့ ဖိုင်လေးကို တွေ့ဖူးကြပါလိမ့်မယ...

Terraform Day 2: Essential IaC Principles You Must Know
မနေ့ကတော့ Terraform အကြောင်း အကြမ်းဖျင်း Concept ကို ပြောပြခဲ့ပြီးပြီဆိုတော့ ဒီနေ့မှာတော့ Terraform ကို Professional ကျက...

TCP/IP Protocol
အားလုံးပဲမင်္ဂလာပါ။ ဒီနေ့ ကျွန်တော်တို့ TCP/IP Protocol အကြောင်း ဆွေးနွေးသွားပါမယ်။ ပထမဆုံးအနေနဲ့ TCP/IP ရဲ့ History လေး...

Terraform Day 1: Introduction to IAC and Terraform
ကျွန်တော်တို့ cloud အကြောင်း စပြောကြပြီဆိုရင် အရင်ဆုံး ခေါင်းထဲရောက်လာတာ Console ထဲဝင်၊ UI ကနေ ခလုတ်လေးတွေ လိုက်နှိပ်ပြီ...

