VPC Peering ဆိုတာဘာလဲ
VPC Peering ဆိုတာက သီးခြားစီဖြစ်နေတဲ့ VPC တွေကို AWS ရဲ့ Global Backbone ကိုအသုံးပြုပြီး private connection အဖြစ် ချိတ်ဆက်ပေးနိုင်တဲ့ VPC feature တစ်ခု ဖြစ်ပါတယ်။
ဘယ်အချိန်မှာ သုံးသင့်လဲ?
VPC တစ်ခုထက်ပိုပြီး သုံးဖို့လိုအပ်တဲ့အခါ၊ Different VPC ထဲက resource တွေ အချင်းချင်း communicate လုပ်ဖို့အတွက်:
- Internet ပေါ်မဖြတ်စေချင်ဘဲ
- ပိုလုံခြုံပြီး
- Latency နည်းတဲ့ private connection သုံးချင်တဲ့အခါ
VPC Peering ကို အသုံးပြုနိုင်ပါတယ်။
VPC Peering အမျိုးအစားများ
VPC Peering ကို အောက်ပါ configuration အမျိုးမျိုးမှာ သုံးနိုင်ပါတယ်:
- Same Account - တစ်ချိန်တည်းမှာ
- Cross Account - ကွဲပြားသော AWS Account များတွင်
- Same Region - တူညီသော Region အတွင်း
- Cross Region - ကွဲပြားသော Region များတွင်
| Peering Type | အမည် | မှတ်ချက် |
|---|---|---|
| Intra-Region VPC Peering | Region တစ်ခုအတွင်း | ကုန်ကျစရိတ်သက်သာ |
| Inter-Region VPC Peering | Region ကွဲ | Data Transfer Cost ပိုမြင့် |
သတိထားရမယ့် အချက်များ
1. Transitive Routing မရပါဘူး
ဆိုလိုတာက VPC-A က VPC-B ကို ချိတ်ထားပြီး၊ VPC-B က VPC-C ကို ချိတ်ထားတယ်ဆိုရင် A ကနေ C ကို တစ်ဆင့် အလိုအလျောက် connect ဖြစ်မသွားပါဘူး။ ဒီအကြောင့် VPC အများကြီး Peering လုပ်မယ်ဆိုရင် Star Topology, Full-Mesh Topology တို့လို Nested ဖြစ်လာနိုင်ပါတယ်။
2. Edge-to-Edge Routing သုံးလို့မရပါဘူး။
ဥပမာ - VPC-A မှာ IGW, NAT Gateway, VPN, Direct Connect, Gateway Endpoint တို့ရှိတယ်။ VPC-A နဲ့ B က Peering ချိတ်ဆက်ထားပေမဲ့ VPC-B က A ရဲ့ အဲဒီ Gateway တွေ၊ Endpoint တွေကို လှမ်းသုံးခွင့် မရှိပါဘူး။
3. CIDR Block Overlap ဖြစ်လို့မရပါဘူး။
10.0.0.0/16လုပ်ဖို့အတွက် အရေးကြီးတဲ့ ကန့်သတ်ချက်တစ်ခုကတေ့ CIDR block တွေ overlap ဖြစ်နေတဲ့ VPC တွေ မဖြစ်ရပါဘူး။ (ဥပမာ - VPC-A က 10.0.0.0/16, VPC-B ကလည်း 10.0.0.0/16 ဖြစ်နေရင် peering လုပ်လို့မရနိုင်ပါဘူး)။
4. VPC Control and Ownership
Peering connection ကို create, accept, reject, modify, delete လုပ်ခြင်းတွေကို related VPC ရဲ့ Owner သာလျှင် ပြုလုပ်နိုင်ပါတယ်။
5. Quota
Quota အနေနဲ့တော့ VPC တစ်ခုအနေနဲ့ Active VPC Peering Connections ၅၀ ထိ create လုပ်နိုင်ပြီး ၁၂၅ ထိ Service Quota Request လုပ်ပြီး သုံးနိုင်ပါတယ်။
စာလေးရှည်နေပြီဆိုတော့ TGW အကြောင်းကို နောက်တစ်ပို့စ်အနေနဲ့ သီးသန့်တင်ပေးသွားပါမယ်။ ကျေးဇူးတင်ပါတယ်။
Discussion
Join the conversation
How do you feel about this article?
Comments
Sign in to join the conversation
Sign in to be the first to comment!
Share Your Article
Share with your professional network
Recent Articles

AWS - Application Load Balancer
Elastic Load Balancing (ELB) ELB ဆိုတာကတော့ request တွေကို တစ်နေရာတည်းမှ လက်ခံကာ Amazon EC2 instances၊ containers, etc.....

Terraform Day 3: Benefits of Terraform State
Terraform ကိုလေ့လာ တဲ့အခါ ကျွန််တော်တို့ရဲ့ Project Folder ထဲမှာ terraform.tfstate ဆိုတဲ့ ဖိုင်လေးကို တွေ့ဖူးကြပါလိမ့်မယ...

Terraform Day 2: Essential IaC Principles You Must Know
မနေ့ကတော့ Terraform အကြောင်း အကြမ်းဖျင်း Concept ကို ပြောပြခဲ့ပြီးပြီဆိုတော့ ဒီနေ့မှာတော့ Terraform ကို Professional ကျက...

TCP/IP Protocol
အားလုံးပဲမင်္ဂလာပါ။ ဒီနေ့ ကျွန်တော်တို့ TCP/IP Protocol အကြောင်း ဆွေးနွေးသွားပါမယ်။ ပထမဆုံးအနေနဲ့ TCP/IP ရဲ့ History လေး...

Terraform Day 1: Introduction to IAC and Terraform
ကျွန်တော်တို့ cloud အကြောင်း စပြောကြပြီဆိုရင် အရင်ဆုံး ခေါင်းထဲရောက်လာတာ Console ထဲဝင်၊ UI ကနေ ခလုတ်လေးတွေ လိုက်နှိပ်ပြီ...
