IGW (Internet Gateway) ဆိုတာဘာလဲ?
IGW ဆိုတာက VPC ထဲက Internet-facing resource တွေဖြစ်တဲ့ EC2, ALB တို့အတွက် Internet နဲ့ တိုက်ရိုက် Inbound/Outbound ချိတ်ဆက်ပေးတဲ့ Gateway တစ်ခုဖြစ်ပါတယ်။ Public-facing workload တွေအတွက် မဖြစ်မနေလိုအပ်တဲ့ VPC component တစ်ခုပဲ ဖြစ်ပါတယ်။
Default VPC နှင့် IGW
- Default VPC မှာတော့ IGW ကို AWS က အလိုအလျောက် attach လုပ်ထားပေးပြီးသား ဖြစ်ပါတယ်။
- Custom VPC (ကိုယ်တိုင်လုပ်ထားတဲ့ VPC) မှာဆိုရင်တော့ IGW ကို Create လုပ်ပြီး VPC နဲ့ manually attach လုပ်ပေးဖို့ လိုအပ်ပါတယ်။
Public Subnet ဆိုတာဘာလဲ?
Public Subnet ဆိုတာ Subnet ရဲ့ Route Table ထဲမှာ အောက်ပါ route rule ပါရှိတဲ့ Subnet ကို ဆိုလိုပါတယ်။
| Destination | Target |
|---|---|
| 0.0.0.0/0 | igw-xxxxxxxxx |
ဒီ default route က Subnet ထဲက resource တွေကို IGW မှတစ်ဆင့် Internet နဲ့ တိုက်ရိုက် ဆက်သွယ်နိုင်စေပါတယ်။
Internet Access အတွက် လိုအပ်ချက်များ
Internet ကို bi-directional (Inbound/Outbound) အသုံးပြုနိုင်ဖို့အတွက် အောက်ပါ အချက်တွေ လိုအပ်ပါတယ်:
- Public Subnet - Resource ကို Public Subnet ထဲမှာ Create လုပ်ရပါမယ်
- Public IP Address - Instance/Resource မှာ Public IP သို့မဟုတ် Elastic IP (EIP) တစ်ခု ရှိရပါမယ်
- Security Group Rules - လိုအပ်သလို Inbound/Outbound rules တွေကို Allow လုပ်ထားရပါမယ်
- Route Table - Public Subnet ရဲ့ Route Table မှာ IGW ဆီသို့ route ပါရှိရပါမယ်
Discussion
Join the conversation
How do you feel about this article?
Comments
Sign in to join the conversation
Sign in to be the first to comment!
Share Your Article
Share with your professional network
Recent Articles

AWS - Application Load Balancer
Elastic Load Balancing (ELB) ELB ဆိုတာကတော့ request တွေကို တစ်နေရာတည်းမှ လက်ခံကာ Amazon EC2 instances၊ containers, etc.....

Terraform Day 3: Benefits of Terraform State
Terraform ကိုလေ့လာ တဲ့အခါ ကျွန််တော်တို့ရဲ့ Project Folder ထဲမှာ terraform.tfstate ဆိုတဲ့ ဖိုင်လေးကို တွေ့ဖူးကြပါလိမ့်မယ...

Terraform Day 2: Essential IaC Principles You Must Know
မနေ့ကတော့ Terraform အကြောင်း အကြမ်းဖျင်း Concept ကို ပြောပြခဲ့ပြီးပြီဆိုတော့ ဒီနေ့မှာတော့ Terraform ကို Professional ကျက...

TCP/IP Protocol
အားလုံးပဲမင်္ဂလာပါ။ ဒီနေ့ ကျွန်တော်တို့ TCP/IP Protocol အကြောင်း ဆွေးနွေးသွားပါမယ်။ ပထမဆုံးအနေနဲ့ TCP/IP ရဲ့ History လေး...

Terraform Day 1: Introduction to IAC and Terraform
ကျွန်တော်တို့ cloud အကြောင်း စပြောကြပြီဆိုရင် အရင်ဆုံး ခေါင်းထဲရောက်လာတာ Console ထဲဝင်၊ UI ကနေ ခလုတ်လေးတွေ လိုက်နှိပ်ပြီ...
