public မှာ share နေကြတဲ့ how to create ဘာညာ လောက်ကိုကြည့်ပြီး အခုမှစလေ့လာတဲ့လူတွေ အတွက်ရော ရှေးရိုးစွဲ generation တွေအတွက်ရော devops ဆိုတာ ဒါလေးပါလားဆိုတာမျိုးထင်မှာစိုးလို့ ထပ်ရှင်းပြပါမယ်။ resource တစ်ခု ကို UI ကနေ click or command line ကနေ create , delete လုပ်တာ အရမ်းလွယ်ပါတယ်။ အခုမြင်နေ၊ ဖတ်နေရတဲ့ topics တွေဆိုတာ DevOps သမားတွေအတွက် 10% လောက်တောင် မရှိသေးပါဖူး။ လက်တွေ့မှာ how to create resource လောက်နဲ့ ပြီးသွားတာမျိုးမဟုတ်ဖူး။ အဲ့တော့ DevOps သမားတွေ ဘာတွေလုပ်ကြရမလဲ ဆိုတာကို အသေးစိတ် ဖတ်ကြည့်ရအောင်။
Automation
DevOps တွေဟာ အလုပ်တွေကို Automate လုပ်ရတယ်။ Automation ဘာလို့လုပ်ဖို့လိုအပ်လဲဆိုရင် ကျွန်တော်တို့ရဲ့ Software Development Lifecycle (SDLC) မှာ ထပ်တလဲလဲလုပ်နေရတဲ့ Task တွေကို Fast, Efficiency, Reliability ဖြစ်စေဖို့ပါ။ အခုနောက်ပိုင်း နာမည်ကြီးလာတဲ့ CI/CD ဆိုရင် သူ့ရဲ့ Process မှာ ဘာမှပါတာမဟုတ်ဖူး။ Code ကို Test လုပ်မယ်၊ Build လုပ်မယ်၊ ပြီးရင် Build လုပ်ပြီးရလာတဲ့ Image/Artifacts တွေကို Registry တစ်ခုမှာထားမယ်။ အဲ့ဒီ Image/Artifacts တွေကိုမှ Server တွေ၊ Kubernetes တွေကနေ ပြန်သုံးကြတယ်။ အဲ့လိုသာမသုံးဖူးဆိုရင် Manual Test ရမယ်၊ Build ရမယ်၊ Deploy ရမယ်၊ အချိန်ကုန်လူပင်ပန်းဖြစ်မယ်။ Automation က ဒီလို Manual အဆင့်တွေကို ဖယ်ရှားပေးတယ်။ Infrastructure as Code (IaC) နဲ့ Infra တွေကိုပါ Automate လုပ်တဲ့ အပိုင်းတွေလည်း ပါဝင်သေးတယ်။
Reliability, Monitoring & Uptime
ဒီအချက်ကတော့ ကိုယ့်ရဲ့ DevOps အတွေ့အကြုံဘယ်လောက်များလဲဆိုတာကို ချပြရတဲ့အဆင့်ပဲ။ Troubleshooting လုပ်တဲ့နေရာမှာ အတွေ့အကြုံရှိတဲ့သူက လုပ်တဲ့အချိန်မှာ ခဏလေးပဲ ကြာရင်ကြာမယ်။ ဒါပေမယ့် Junior တွေအတွက် တစ်ခါတစ်လေ တစ်ရက်လုံးကုန်သွားတာမျိုးတွေ ဖြစ်နိုင်တယ်။ ပြီးရင် DevOps တွေက အတတ်နိုင်ဆုံး Downtime မဖြစ်အောင် ဂရုစိုက်ရတယ်။ Downtime ဖြစ်တာနဲ့ Business ကို အကျိုး သက်ရောက်မှုရှိတယ်။ Downtime မဖြစ်အောင် Monitoring တွေ၊ Alerting တွေနဲ့ စောင့်ကြည့်နေရတယ်။ Performance မကျအောင်၊ Error မတက်အောင် ကြိုတင်ပြင်ဆင်ရတယ်။ Peak Time or လူသုံးများတဲ့ အချိန်တွေမှာ ဘယ်လို Traffic ကို Autoscaling တွေ၊ Loadbalancing တွေနဲ့ Handle လုပ်မှာလဲ စဉ်းစားရတယ်။ (ဥပမာ- ဘောလုံးပွဲပြတဲ့ Website မျိုးဟာ ပွဲကန်တဲ့ Sat Sun မှာ အမြဲ Down နေရင် ဘယ်သူမှ လာသုံးတော့မှာမဟုတ်ဖူး)။ Downtime ဖြစ်ပြီဆိုရင်လည်း အမြန်ဆုံး Uptime ပြန်ရအောင် Troubleshoot လုပ်ပေးရမှာဖြစ်တယ်။ (Root Cause Analysis – RCA လည်း ပြုလုပ်ရတယ်)
Infrastructure & Cloud Architecture
DevOps Engineers တွေဟာ Infrastructure တွေကို အစအဆုံး တာဝန်ယူရပါတယ်။ VPC (Virtual Private Cloud) ဒါမှမဟုတ် VNet (Virtual Network) တွေကို create တဲ့အဆင့်က စတင်ပြီး၊ Network Security Rules တွေ၊ Firewall Configuration တွေအထိ သေချာ စဉ်းစားလုပ်ဆောင်ကြရပါတယ်။ အထူးသဖြင့် Security ပိုင်းတွေကိုလည်း အဓိကထားပြီး ထည့်သွင်းစဉ်းစားရပါတယ်။ ဒါ့အပြင် Data Storage အမျိုးအစား ရွေးချယ်တာ၊ Backup/Restore Plan တွေကို သေချာစီစဉ်ထားတာတွေကလည်း အဓိကတာဝန်တွေထဲမှာ ပါဝင်ပါတယ်။ AWS, Azure, GCP စတဲ့ Cloud Platform တွေကိုလည်း ကျွမ်းကျင်အောင် လေ့လာထားကြရပါတယ်။
Security & Compliance
Security ပိုင်းကိုလည်း Development Cycle ရဲ့ ပထမဆုံးအဆင့်ကတည်းက ထည့်သွင်းစဉ်းစားပြီး အလုပ်လုပ်သင့်ပါတယ်။ Application Code မှာရော၊ Infrastructure မှာပါ ရှိနေနိုင်တဲ့ အားနည်းချက် (Vulnerability) တွေကို စစ်ဆေး ဖြေရှင်းပေးရပါတယ်။ system တစ်ခုလုံး လုံခြုံမှုရှိနေစေဖို့ (Securing the System) နှင့် လုပ်ငန်းဆိုင်ရာ စည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်ရန် (Compliance) အတွက်ပါ တာဝန်ယူရပါတယ်။
Cost Optimization
Cloud ကို သုံးတဲ့အတွက် DevOps သမားတွေအနေနဲ့ ကုန်ကျစရိတ် (Cost) ကိုပါ အမြဲတမ်း ဂရုတစိုက် စောင့်ကြည့်နေရပါတယ်။ Cloud ပေါ်မှာ အသုံးပြုနေတဲ့ resources တွေရဲ့ ကုန်ကျစရိတ်တွေကို အမြဲ စစ်ဆေးနေရပြီး၊ မလိုအပ်ဘဲ Size အကြီးကြီးတွေ သုံးစွဲခြင်းကို ရှောင်ရှားရမယ်။ အသုံးမလိုတော့တဲ့ Resource တွေကိုလည်း အမြဲတမ်း Clean Up လုပ်ပေးခြင်းဖြင့် မလိုအပ်သော ကုန်ကျစရိတ်များကို လျှော့ချနိုင်တယ်။ Reserved Instance/Saving Plan တွေကို အသုံးပြုပြီး ရေရှည်အတွက် ကုန်ကျစရိတ်ကို ထိရောက်စွာ လျှော့ချနိုင်ပါတယ်။
Release Management
DevOps တွေရဲ့ အဓိက တာဝန်တစ်ခုဖြစ်တဲ့ Software ကို Production ဆီ ပို့ဆောင်နိုင်ဖို့ release management ကို လည်းမဖြစ်မနေ လုပ်ဆောင်ရပါတယ်။ Production, Dev, Staging စသည်ဖြင့် Development Environment တွေကို သေချာခွဲခြားပြီး အလုပ်လုပ်ကြရပါတယ်။ Deploy ပြုလုပ်မှုတိုင်းဟာ Safe Deploy ဖြစ်ရမယ်။ ပြဿနာတစ်ခုခုပေါ်ခဲ့ရင်လည်း ယခင်အခြေအနေသို့ ချက်ချင်းပြန်ရောက်အောင် Rollback တွေ ပြန်လုပ်နိုင်ရမယ်။ (ဥပမာ- ဒီလို Rollback Feature များအတွက် ArgoCD ကို လူသုံးများကြပါတယ်။)
ဒါတွေကိုဖတ်ပြီးသွားရင် devops သမားတွေရဲ့ အလုပ်ကို အနည်းငယ်တော့သဘောပေါက်မယ်ထင်ပါမယ်။ ကျွန်တော်အမြဲပြောသလိုပဲ IT ထဲမှာ developer, devops, qa, uiux, project manager , security ဘယ်သူကမှ သာတယ်နာတယ်ဆိုတာမရှိပါဖူး အကုန်လုံးက ကိုယ့်ပညာနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နေကြတာ ။ လူတိုင်းကသာ pro ဆန်ရင် product ကောင်းတစ်ခုကို ထုတ်နိုင်မှာပါ။
Discussion
Join the conversation
How do you feel about this article?
Comments
Sign in to join the conversation
Sign in to be the first to comment!
Share Your Article
Share with your professional network
Recent Articles

Day 2 - GitHub Actions ရဲ့ အဓိက Concepts များနှင့် Runner အကြောင်း
ပြီးခဲ့တဲ့အပတ် Day 1 တုန်းက ကျွန်တော်တို့ CI/CD ရဲ့ Concept တွေကို အကြမ်းဖျင်း ပြောခဲ့ကြပြီးပြီနော်။ ဒီနေရာမှာ လက်တွေ့မစ...
Day 1 - Software Development ကို ပိုပြီးမြန်စေမယ့် CI/CD
Software တစ်ခုရေးပြီးပြီဆိုရင် "ငါ့စက်ထဲမှာတော့ အလုပ်လုပ်တယ်" ဆိုရုံနဲ့ မပြီးသေးပါဘူး။ User တွေသုံးမယ့် Server ပေါ်ရောက်...

Secure AWS ECR Github Action Using OIDC
Modern DevOps နှင့် Cloud Security တို့မှာ အဓိကဖြစ်လာသည့် Authentication System ယနေ့ခေတ် DevOps, Cloud Engineering, CI/C...

Manual vs Automated Infrastructure: Why "useradd" Still Matters in the Terraform Era
DevOps careerကို လျှောက်နေတဲ့သူတိုင်း Terraform၊ Ansible စတဲ့ Infrastructure as Code (IaC) tools တွေရဲ့ အလုပ်လုပ်နိုင်စွ...
From Surviving to Thriving
“AI ကြောင့် developer အလုပ်ပျောက်သွားမလား?” ဆိုတဲ့ မေးခွန်းကို Junior developer တိုင်း စဉ်းစားဖူးကြမှာပါ။ ဈေးကွက်အခြေအနေ...

