“AI ကြောင့် developer အလုပ်ပျောက်သွားမလား?” ဆိုတဲ့ မေးခွန်းကို Junior developer တိုင်း စဉ်းစားဖူးကြမှာပါ။ ဈေးကွက်အခြေအနေအရ AI အကူအညီကြောင့် အရင်က လူသုံးယောက်လုပ်ရတဲ့အလုပ်ကို တစ်ယောက်တည်းနဲ့ အဆင်ပြေနိုင်တဲ့ အခြေအနေမျိုးတွေ ရှိလာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဆရာသမားကြီးတွေ ပြောထားကြသလို developer အလုပ်တွေက တိမ်ကောသွားမှာတော့ မဟုတ်သေးပါဘူး။ ဒါကြောင့် Junior developer တွေအနေနဲ့ အလုပ်ခွင်ဝင်ရင် ကြုံတွေ့ရလေ့ရှိတဲ့ အရာတွေနဲ့ပါတ်သက်ပြီး ဒီနေ့ Sharing လုပ်ပေးချင်ပါတယ်။
Understand Your Task
ကျွန်တော် junior အဖြစ်စလုပ်တုန်းက ရေးချင်စိတ်လောပြီး requirement မနားလည်ဘဲ code စရေးခဲ့တာကြောင့် rework ပြန်လုပ်ရတာမျိုးလည်းအများကြီးရှိခဲ့ပါတယ်။ ဒါကြောင့်ကိုလုပ်ရမဲ့ task တစ်ခုခု ရလာပြီဆိုရင် အရင်ဆုံး ဒီ task က ဘာအတွက်လည်း ဘာလုပ်ရမလည်းဆိုတာ နားလည်အောင် အရင်လုပ်ပါ။ လုပ်ရမဲ့အရာကို ရှင်းရှင်းလင်းလင်းနားလည်မှ task ကို လုပ်တဲ့အခါအဆင်ပြေမှာဖြစ်ပါတယ်။ မသိလိုက်တာ မရှင်းလိုက်တာမျိုးရှိရင်လည်းမေးဖို့ ဝန်မလေးပါနဲ့။
Imposter Syndrome Is Normal
Junior တွေ အလုပ်ခွင်ထဲမှာ အဖြစ်အများဆုံးကတော့ "ငါ မသိသေးတာတွေ အများကြီးပါလား" ဆိုပြီး စိတ်ဓာတ်ကျတဲ့အခိုက်အတန့်တွေပါ။ Team meeting မှာ senior တွေ design discussion လုပ်တဲ့အချိန်မှာ ကိုယ်ဘာမှ မသိသလို ခံစားရတာမျိုး ဖြစ်တတ်ပါတယ်။
ဒီလို မသိသေးတာတွေကပဲ ကိုယ့်ကိုယ်ကိုယ် ပိုသိအောင် လှုံ့ဆော်ပေးတဲ့ အရာဖြစ်ပါတယ်။ မသိတဲ့အရာတွေကို တစ်ဆင့်ချင်းစီ လေ့လာပြီး ဖြတ်ကျော်ဖို့ ကြိုးစားပါ။ အရင်ဆုံး အလုပ်မှာ လက်တွေ့အသုံးပြုလို့ရမယ့်အရာတွေကို လေ့လာပြီးမှ စိတ်ဝင်စားတဲ့အရာတွေကို နောက်မှ ဆက်လက်လေ့လာသွားသင့်ပါတယ်။
Focus On Fundamentals
အခြေခံတွေက အမြဲတမ်း အရေးကြီးပါတယ်။ AI ကိုသုံးပြီး Coding လုပ်လို့ရတာဟာ products ဖြစ်လာရုံပဲရှိပါတယ်။ products ကောင်းဖို့ဆိုရင် ကိုယ်တိုင်က အခြေခံသဘောတရားတွေကို နားလည်ထားမှ ရမှာပါ။ AI ရေးပေးတဲ့ Code က ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီရဲ့လား၊ အဆင်ပြေရဲ့လားဆိုတာ ဆန်းစစ်နိုင်ဖို့ အခြေခံအသိပညာက မရှိမဖြစ်လိုအပ်ပါတယ်။ ကုမ္ပဏီအများစုရဲ့ အင်တာဗျူးတွေမှာလည်း Data Structures, Algorithms နဲ့ Architecture ပိုင်းတွေကို မေးမြန်းလေ့ရှိတာကြောင့် Fundamentals ကို မကျော်သင့်ပါ။
Embrace Code Reviews
Junior တွေ အဖြစ်များတာက task ကိုပြီးမြောက်အောင်ရေးနိုင်ကြပါတယ်။ ဒီထက်ပိုပြီး ကောင်းအောင် ဘယ်လိုလုပ်လို့ရလည်းဆိုတာက experience ရှိတဲ့သူတွေဆီက Code review ရယူခြင်းပါပဲ။ Code reviews တွေဟာ free mentorship opportunities ဖြစ်ပြီး အတွေ့အကြုံရှိသူတွေထံက တန်ဖိုးရှိတဲ့ feedback ရနိုင်ပါတယ်။
Networking And Communication
Network တည်ဆောက်ခြင်းဟာ industry တိုင်းမှာ အရေးကြီးပါတယ်။Dev groups တွေ joinတာ , Developer meetups, conferences တွေမှာ တက်ရင်း အတွေ့အကြုံရှိတဲ့ ဆရာကြီးတွေထံက ပညာရစရာတွေ ရနိုင်သလို ကိုယ်တိုင် network တည်ဆောက်ပြီး အခွင့်အလမ်းတွေကိုလည်း ရယူနိုင်ပါတယ်။
Career Growth Mindset
Developer တွေဟာ Code ရေးရုံတင်မကဘဲ Cross-functional team တွေနဲ့ ဆက်သွယ်ဆောင်ရွက်ရတာ၊ အဖွဲ့ဝင်တွေနဲ့ တိုင်ပင်ဆွေးနွေးရတာ၊ အသစ်အသစ်တွေကို အမြဲလေ့လာနေရတာမျိုးတွေ လုပ်ဆောင်ရပါတယ်။ အဖွဲ့အစည်းအချင်းချင်း ဆွေးနွေးတဲ့အခါ အမြင်မတူတာမျိုးတွေ ဖြစ်တတ်ပါတယ်။ မတူညီတဲ့ Team တွေဖြစ်ပေမဲ့ တူညီတဲ့ Product တစ်ခုတည်းကို လုပ်ဆောင်နေတာဖြစ်လို့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ညှိနှိုင်းအဖြေရှာတဲ့ ပုံစံမျိုးကို ကျင့်သုံးစေချင်ပါတယ်။ Continue learning ကလည်းအရေးကြီးတာ ဖြစ်လို့ career grow ဖြစ်ဖို့ဆို မသိသေးတဲ့အရာတွေကို လက်ခံပြီး သိအောင် အမြဲလေ့လာနေဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ Career တိုးတက်ရေးအတွက် အများကြီး အထောက်အကူ ဖြစ်လာမှာပါ။
Discussion
Join the conversation
How do you feel about this article?
Comments
Sign in to join the conversation
Sign in to be the first to comment!
Share Your Article
Share with your professional network
Recent Articles
Day 1 - Software Development ကို ပိုပြီးမြန်စေမယ့် CI/CD
Software တစ်ခုရေးပြီးပြီဆိုရင် "ငါ့စက်ထဲမှာတော့ အလုပ်လုပ်တယ်" ဆိုရုံနဲ့ မပြီးသေးပါဘူး။ User တွေသုံးမယ့် Server ပေါ်ရောက်...

Secure AWS ECR Github Action Using OIDC
Modern DevOps နှင့် Cloud Security တို့မှာ အဓိကဖြစ်လာသည့် Authentication System ယနေ့ခေတ် DevOps, Cloud Engineering, CI/C...

Manual vs Automated Infrastructure: Why "useradd" Still Matters in the Terraform Era
DevOps careerကို လျှောက်နေတဲ့သူတိုင်း Terraform၊ Ansible စတဲ့ Infrastructure as Code (IaC) tools တွေရဲ့ အလုပ်လုပ်နိုင်စွ...

AWS - Global Infra
AWS Global Infra AWS Global Infra & Service Type ဆိုတဲ့ ခေါင်းစဉ်နဲ့ ၂၀၂၅ ဒီဇင်ဘာမှာရေးထားဖူးတဲ့ article ကို အရင်ဆုံး ဖတ...

Production Grade AKS Secret Management Using Azure Key Vault and Managed Identity
ကျွန်တော်တို့ Application တွေမှာ အသုံးပြုတဲ့ .env (Sensitive Data) တွေကို secure ဖြစ်အောင် manage လုပ်ဖို့ဆိုတာ DevOps တ...
