NAT Gateway ဆိုတာဘာလဲ?
NAT Gateway ဆိုတာက AWS ရဲ့ Network Address Translation လုပ်ပေးတဲ့ managed service Gateway အမျိုးအစားတစ်ခု ဖြစ်ပါတယ်။
NAT Gateway ဘယ်အချိန်မှာ သုံးသင့်လဲ?
VPC ထဲက private resources တွေ (ဥပမာ - Database Server, Application Server) အတွက် သုံးပါတယ်။ ဒီ server တွေကို:
- Inbound traffic လက်မခံချင်ဘူး (isolate လုပ်ချင်တယ်)
- ဒါပေမယ့် patch update, package install လုပ်ဖို့အတွက် internet ကို outbound သုံးချင်တယ်
ဆိုတဲ့အခြေအနေမျိုးမှာ NAT Gateway ကို အသုံးပြုနိုင်ပါတယ်။
NAT Gateway vs NAT Instance
NAT Gateway နဲ့အတူ NAT Instance ကိုလည်း သုံးလို့ရပါတယ်။
| Feature | NAT Gateway | NAT Instance |
|---|---|---|
| Type | Managed AWS Service | EC2 Instance |
| Management | AWS managed | Self-managed |
| Bandwidth | Up to 100 Gbps | Instance size ပေါ်မူတည် |
| High Availability | Automatic | Manual setup required |
NAT Instance ဆိုတာ EC2 instance တစ်လုံးကို Amazon ရဲ့ NAT AMI (Amazon Machine Image) သုံးပြီး launch လုပ်ထားတဲ့ instance ဖြစ်ပါတယ်။
NOTE!
NAT gateway နဲ့ NAT instance ရဲ့ကွာခြားချက်တွေကို ဒီမှာ ဖတ်နိုင်ပါတယ်။
NAT Gateway Setup Steps
NAT Gateway ကို create လုပ်မယ်ဆိုရင် အောက်ပါအဆင့်တွေ လိုအပ်ပါတယ်:
1.. NAT Gateway Placement
- NAT Gateway ကို Public Subnet ထဲမှာ create လုပ်ရပါမယ်
- Public Subnet ဆိုတာ Route Table ထဲမှာ 0.0.0.0/0 → Internet Gateway route ပါတဲ့ subnet ဖြစ်ပါတယ်
2.. Route Table Configuration
- Private Subnet ရဲ့ Route Table မှာ အောက်ပါ route ကို ထည့်ပေးရပါမယ်:
| Destination | Target |
|---|---|
| 0.0.0.0/0 | nat-xxxxxxxxx (NAT Gateway ID) |
ဒီ setup ကြောင့် private subnet ထဲက resources တွေက internet ကို outbound access ရရှိသွားမှာ ဖြစ်ပါတယ်။
Discussion
Join the conversation
How do you feel about this article?
Comments
Sign in to join the conversation
Sign in to be the first to comment!
Share Your Article
Share with your professional network
Recent Articles

Day 2 - GitHub Actions ရဲ့ အဓိက Concepts များနှင့် Runner အကြောင်း
ပြီးခဲ့တဲ့အပတ် Day 1 တုန်းက ကျွန်တော်တို့ CI/CD ရဲ့ Concept တွေကို အကြမ်းဖျင်း ပြောခဲ့ကြပြီးပြီနော်။ ဒီနေရာမှာ လက်တွေ့မစ...
Day 1 - Software Development ကို ပိုပြီးမြန်စေမယ့် CI/CD
Software တစ်ခုရေးပြီးပြီဆိုရင် "ငါ့စက်ထဲမှာတော့ အလုပ်လုပ်တယ်" ဆိုရုံနဲ့ မပြီးသေးပါဘူး။ User တွေသုံးမယ့် Server ပေါ်ရောက်...

Secure AWS ECR Github Action Using OIDC
Modern DevOps နှင့် Cloud Security တို့မှာ အဓိကဖြစ်လာသည့် Authentication System ယနေ့ခေတ် DevOps, Cloud Engineering, CI/C...

Manual vs Automated Infrastructure: Why "useradd" Still Matters in the Terraform Era
DevOps careerကို လျှောက်နေတဲ့သူတိုင်း Terraform၊ Ansible စတဲ့ Infrastructure as Code (IaC) tools တွေရဲ့ အလုပ်လုပ်နိုင်စွ...
From Surviving to Thriving
“AI ကြောင့် developer အလုပ်ပျောက်သွားမလား?” ဆိုတဲ့ မေးခွန်းကို Junior developer တိုင်း စဉ်းစားဖူးကြမှာပါ။ ဈေးကွက်အခြေအနေ...

