AWS Resource Explorer
AWS Resource Explorer ဆိုတာကတော့ AWS account အတွင်းမှာရှိတဲ့ resources တွေကို လွယ်ကူ မြန်ဆန်စွာ ရှာဖွေနိုင်ဖို့ AWS ရဲ့ index-based resource search & discovery serviceတစ်ခုဖြစ်ပါတယ်။
သူ့ကို November 2022 မှာ စတင် launch လုပ်ခဲ့ပြီး October 2025 ကစပြီး Default အနေနဲ့ auto Enable လုပ်ပီးတား ဖြစ်တာကြောင့် Setup လုပ်စရာမလိုဘဲ ချက်ချင်းအသုံးပြုနိုင်ပါတယ်။ Multi-Region, Multi-Account (AWS Organizations), Specific OU အဆင့်အထိ resource များကို တစ်နေရာတည်းမှ ရှာဖွေနိုင်အောင် ဒီဇိုင်းပြုလုပ်ထားတဲ့အတွက် AWS Resource Explorer က အရမ်းကိုအသုံး၀င်ပါတယ်။
AWS Management Console မှာသာမက AWS CLI, SDK, API များမှတစ်ဆင့်လည်း Resource Explorer ကို အသုံးပြုပြီး search လုပ်နိုင်ပါတယ်။ ထို့အပြင် AWS Console အပေါ်ဘက်မှာပါတဲ့ Unified Search bar ကို support လုပ်ထားတာကြောင့် resource များကို ပိုပြီး လွယ်ကူစွာ ရှာဖွေနိုင်ပါတယ်။
Permission အနေနဲ့ AWSResourceExplorerReadOnlyAccess ရရှိထားရင် resource search ကို စတင်အသုံးပြုနိုင်ပြီး IAM Admin သို့မဟုတ် Delegated Admin များအတွက်တော့ Full access ရရှိနိုင်ပါတယ်။ Search result များကို CSV အဖြစ် Export လုပ်နိုင်သလို Resource ကို Click တစ်ချက်နဲ့ Native service console ကို တိုက်ရိုက်သွားပြီး Manage လုပ်နိုင်ပါတယ်။ Tag management ကိုလည်း Resource Explorer မှာတင် တစ်ခါတည်းလုပ်နိုင်ပါတယ်။
Pricing အနေနဲ့ AWS Resource Explorer ကို အသုံးပြုခြင်းက အခမဲ့ ဖြစ်ပြီး Search, View, Setup များအတွက် အခကြေးငွေ မရှိပါဘူး။
AWS Resource Explorer ဘယ်လိုအလုပ်လုပ်သလဲ?
AWS account အတွင်းရှိ resource အချက်အလက်များကို Index (metadata collection) အဖြစ် စုစည်းသိမ်းဆည်းထားပြီး Search query များကို Live Describe သို့မဟုတ် List API call မလုပ်ဘဲ Index ကိုသာ query လုပ်ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အတွက် Search result များကို အလွန်မြန်ဆန်စွာ ပြန်လည်ရရှိနိုင်ပြီး Cross-Region workload များကို စီမံခန့်ခွဲရာမှာလည်း အလွန်အသုံးဝင်ပါတယ်။
AWS Resource Explorer က AWS services အများစုကို ရှာဖို့ Support လုပ်ပေးမဲ့ တစ်ချို့သော limitation ရှိတော့ AWS Resource Explorer console ရဲ့ ဘယ်ဘက်ဘေးက spported resource types ကိုစစ်နိုင်ပါတယ်။
_e7d081f4.jpg)


Discussion
Join the conversation
How do you feel about this article?
Comments
Sign in to join the conversation
Sign in to be the first to comment!
Share Your Article
Share with your professional network
Recent Articles

Day 2 - GitHub Actions ရဲ့ အဓိက Concepts များနှင့် Runner အကြောင်း
ပြီးခဲ့တဲ့အပတ် Day 1 တုန်းက ကျွန်တော်တို့ CI/CD ရဲ့ Concept တွေကို အကြမ်းဖျင်း ပြောခဲ့ကြပြီးပြီနော်။ ဒီနေရာမှာ လက်တွေ့မစ...
Day 1 - Software Development ကို ပိုပြီးမြန်စေမယ့် CI/CD
Software တစ်ခုရေးပြီးပြီဆိုရင် "ငါ့စက်ထဲမှာတော့ အလုပ်လုပ်တယ်" ဆိုရုံနဲ့ မပြီးသေးပါဘူး။ User တွေသုံးမယ့် Server ပေါ်ရောက်...

Secure AWS ECR Github Action Using OIDC
Modern DevOps နှင့် Cloud Security တို့မှာ အဓိကဖြစ်လာသည့် Authentication System ယနေ့ခေတ် DevOps, Cloud Engineering, CI/C...

Manual vs Automated Infrastructure: Why "useradd" Still Matters in the Terraform Era
DevOps careerကို လျှောက်နေတဲ့သူတိုင်း Terraform၊ Ansible စတဲ့ Infrastructure as Code (IaC) tools တွေရဲ့ အလုပ်လုပ်နိုင်စွ...
From Surviving to Thriving
“AI ကြောင့် developer အလုပ်ပျောက်သွားမလား?” ဆိုတဲ့ မေးခွန်းကို Junior developer တိုင်း စဉ်းစားဖူးကြမှာပါ။ ဈေးကွက်အခြေအနေ...

