ပုံမှန်အားဖြင့် kubernetes က secret တွေ configmap တွေ update ဖြစ်သွားရင် workload တွေကိုအလိုအလျောက် rollout မလုပ်ပေးနိုင်ပါဖူး။ ဒါကြောင့် secrets / configs တွေ update ဖြစ်လာရင် workload တွေနဲ့ အနည်းငယ် gap ဖြစ်သွားနိုင်ပါတယ်။ reloader ဆိုတာကတော့ secret တွေ configmap တွေကို စောင့်ကြည့်ပေးနေပြီး changes ဖြစ်တာနဲ့ သက်ဆိုင်ရာ workload တွေကို rollout လုပ်ပေးသွားမှာဖြစ်ပါတယ်။ အဲ့လိုနဲ့ပဲ reloader က ကျွန်တော်တို့ရဲ့ kubernetes ပေါ်က workload တွေကို configuration changes တွေနဲ့အမြဲ sync လုပ်ပေးနေမှာဖြစ်ပါတယ်။
why reloader?
- no manual restart: secret တွေ changes ဖြစ်တာနဲ့ workload တွေကိုပါ rollout လုပ်ပေးတာမလို့ manual restart လုပ်ပေးဖို့မလို
- secure by design: workload တွေမှာ latest config/secret တွေကိုပဲ အမြဲသုံးပေးခြင်း
- flexible: အဓိက workload type တွေနဲ့ အကုန်အသုံးပြုလို့ရခြင်း eg — deployment, statefulSet, daemonset, argocd
- fast feedback loop: secrets တွေ မကြာခဏ changes ဖြစ်တတ်တဲ့ CICD pipeline တွေအတွက်အသုံးပြုနိုင်ခြင်း
how to use it?
reloader အသုံးပြုပုံကရိုးရှင်းပါတယ်။ workload ရဲ့ annotations မှာ reloader.stakater.com/auto: "true" ကို ထည့်ပေးလိုက်ရင်ရပါပြီ။ အဲ့ဒါဆိုသူက configmap ၊ secrets အကုန်လုံးကိုစောင့်ကြည့်နေမှာဖြစ်ပြီး workload မှာသုံးထားတဲ့ secret တွေ changes ဖြစ်တာနဲ့ rollout လုပ်ပေးမှာဖြစ်ပါတယ်။
other features?
reloader မှာတစ်ခြား feature တွေလည်းပါဝင်ပါသေးတယ်။
- ignore annotation: တစ်ချို့ secret တွေ configmap တွေကို reloader ကနေ ignore လုပ်စေချင်တယ်ဆိုရင်အဲ့ဒီ secret / cm တွေမှာ reloader.stakater.com/ignore: "true" အဲ့ဒီ annotation ကိုထည့်ပေးရပါမယ်။
- alerts on reload: reloader ကနေ workload တွေကို rollout လုပ်ပေးပြီးတဲ့အခါတိုင်းမှာ slack, google chat တို့ကို alert ပို့ပေးတာမျိုးလည်း လုပ်လို့ရပါတယ်။
- pause deployments: ဒါကတော့ workload တွေ rollout လုပ်တာကို pause လုပ်ဖို့အတွက် duration (eg- 5m, 7m ) ဖြစ်ပါတယ်။ ခဏလေးအတွင်းမှာ secret တွေ update လုပ်တာများပြီး multi restart ဖြစ်တာကို ကာကွယ်ဖို့အတွက်ဖြစ်ပါတယ်။
စိတ်ဝင်စားလို့ အသုံးပြုချင်ရင်တော့ reloader ရဲ့ github link ကနေ လေ့လာလို့ရပါတယ်။
Discussion
Join the conversation
How do you feel about this article?
Comments
Sign in to join the conversation
Sign in to be the first to comment!
Share Your Article
Share with your professional network
Recent Articles

Day 2 - GitHub Actions ရဲ့ အဓိက Concepts များနှင့် Runner အကြောင်း
ပြီးခဲ့တဲ့အပတ် Day 1 တုန်းက ကျွန်တော်တို့ CI/CD ရဲ့ Concept တွေကို အကြမ်းဖျင်း ပြောခဲ့ကြပြီးပြီနော်။ ဒီနေရာမှာ လက်တွေ့မစ...
Day 1 - Software Development ကို ပိုပြီးမြန်စေမယ့် CI/CD
Software တစ်ခုရေးပြီးပြီဆိုရင် "ငါ့စက်ထဲမှာတော့ အလုပ်လုပ်တယ်" ဆိုရုံနဲ့ မပြီးသေးပါဘူး။ User တွေသုံးမယ့် Server ပေါ်ရောက်...

Secure AWS ECR Github Action Using OIDC
Modern DevOps နှင့် Cloud Security တို့မှာ အဓိကဖြစ်လာသည့် Authentication System ယနေ့ခေတ် DevOps, Cloud Engineering, CI/C...

Manual vs Automated Infrastructure: Why "useradd" Still Matters in the Terraform Era
DevOps careerကို လျှောက်နေတဲ့သူတိုင်း Terraform၊ Ansible စတဲ့ Infrastructure as Code (IaC) tools တွေရဲ့ အလုပ်လုပ်နိုင်စွ...
From Surviving to Thriving
“AI ကြောင့် developer အလုပ်ပျောက်သွားမလား?” ဆိုတဲ့ မေးခွန်းကို Junior developer တိုင်း စဉ်းစားဖူးကြမှာပါ။ ဈေးကွက်အခြေအနေ...

