AWS Cost Explorer ကတော့ AWS Billing & Cost Management မှ cost and usage analysis ရဲ့ tool တစ်ခုဖြစ်ပြီး AWS အသုံးစရိတ်နဲ့ usage များကို ကြည့်ရှု၊ ခွဲခြမ်းစိတ်ဖြာ၊ ခန့်မှန်းရာမှာ အသုံပြု နိုင်ပါတယ်။
Cost Explorer ကို အသုံးပြုခြင်းဖြင့် service-wise, region-wise, account-wise cost trend များကို visual graph များ ဖြင့် လွယ်ကူစွာ နားလည်နိုင်ပြီး cloud spend ဘယ်နေရာတွေမှာ တက်လာနေလဲဆိုတာကို အလွယ်တကူ သိနိုင်ပါတယ်။
Cost Explorer တွင် ပုံမှန် နောက်ဆုံး 13 လအထိ historical cost data ကို ပြသနိုင်သလို လာမည့် 18 လအထိ forecasted cost ကိုလည်း ခန့်မှန်းပြသပေးနိုင်ပါသည်။
38 လအထိ monthly historical data နှင့် နောက်ဆုံး 14 ရက်အတွင်း daily / hourly data ကို Forecast accuracy ကို မြှင့်တင်ရန်အတွက် ကြည့်ချင်ပါက Historical and Granular Data Settings များကို enable ပြီး အသုံးပြုနိုင်ပါတယ်။ Hourly granularity ကတော့ paid feature ပဲဖြစ်ပါတယ်။
Cost Explorer dashboard တွင် Month-to-date (MTD) cost နှင့် forecasted month-end cost ကို အမြဲတမ်း မြင်နိုင်သောကြောင့် budget planning, trend analysis, year-over-year comparison များအတွက် အလွန်အသုံးဝင်ပါသည်။ ထို့အပြင် Reserved Instances (RI) နှင့် Savings Plans များအတွက် recommendation များကိုလည်း ပေးသဖြင့် long-term cost optimization ကို ပိုမိုထိရောက်စေပါသည်။
Cost Comparison
Cost Explorer ရဲ့ Cost Comparison feature က လနှစ်ခုအကြား cost ပြောင်းလဲမှုကို automatic analysis လုပ်ပေးနိုင်ပြီး service, account, region အလိုက် cost increase ဖြစ်စေသော top drivers များကို အချိန်တိုအတွင်း ဖော်ပြပေးနိုင်ပါသည်။ Usage change, discount change, RI coverage change စသည့် detail breakdown များကိုပါ ပြသပေးနိုင်သောကြောင့် manual analysis အချိန်ကုန်သက်သာပါတယ်။
Cost Explorer Fee
Cost Explorer ကို AWS Management Console UI မှ အခမဲ့ အသုံးပြုနိုင်ပြီး API မှ အသုံးပြုပါက API request တစ်ခုလျှင် $0.01 ကျသင့်ပါတယ်။ Cost Explorer ကို enable လုပ်ပြီးမှ disable ပြန်လုပ်လို့မရပါဘူး။ Cost data များကို ပုံမှန်အားဖြင့် နေ့စဉ် (at least every 24 hours) update ပေးပါတယ်။
Cost Explorer Saved Reports
Report များကို CSV format ဖြင့် export လုပ်ကာ external analysis ပြုလုပ်နိုင် သလို save as report လုပ်ထားပါကလဲ Cost Explorer saved reports မှတစ်ဆင့် လက်ရှိ configuration အတိုင်း အလွယ်တကူ ပြန်လည်ကြည့်ရှုနိုင်ပါသည်။
Cost Anomaly Detection
Cost Explorer ကို enable လုပ်သည်နှင့် AWS သည် Cost Anomaly Detection ကို auto-configure လုပ်ပေးပြီး machine learning ကို အသုံးပြုကာ မျှော်မှန်းထားသော spend pattern မှ သိသိသာသာ ကွဲလွဲမှု့ရှိတဲ့ cost များကို detect လုပ်ပြီး alert ပို့ပေးပါသည်။
AWS Cost Explorer ကတော့ အတော်လေး အသုံး၀င်တဲ့ cloud financial visibility tool တစ်ခု ဖြစ်တဲ့အတွက် အချိန်ရရင်တော့ အသေးစိတ် ကို AWS Documentation မှတဆင့် သွားရောက်လေ့လာနိုင်ပါသည်။
ကျေးဇူးတင်ပါတယ်ရှင့်။

Discussion
Join the conversation
How do you feel about this article?
Comments
Sign in to join the conversation
Sign in to be the first to comment!
Share Your Article
Share with your professional network
Recent Articles
Day 1 - Software Development ကို ပိုပြီးမြန်စေမယ့် CI/CD
Software တစ်ခုရေးပြီးပြီဆိုရင် "ငါ့စက်ထဲမှာတော့ အလုပ်လုပ်တယ်" ဆိုရုံနဲ့ မပြီးသေးပါဘူး။ User တွေသုံးမယ့် Server ပေါ်ရောက်...

Secure AWS ECR Github Action Using OIDC
Modern DevOps နှင့် Cloud Security တို့မှာ အဓိကဖြစ်လာသည့် Authentication System ယနေ့ခေတ် DevOps, Cloud Engineering, CI/C...

Manual vs Automated Infrastructure: Why "useradd" Still Matters in the Terraform Era
DevOps careerကို လျှောက်နေတဲ့သူတိုင်း Terraform၊ Ansible စတဲ့ Infrastructure as Code (IaC) tools တွေရဲ့ အလုပ်လုပ်နိုင်စွ...
From Surviving to Thriving
“AI ကြောင့် developer အလုပ်ပျောက်သွားမလား?” ဆိုတဲ့ မေးခွန်းကို Junior developer တိုင်း စဉ်းစားဖူးကြမှာပါ။ ဈေးကွက်အခြေအနေ...

AWS - Global Infra
AWS Global Infra AWS Global Infra & Service Type ဆိုတဲ့ ခေါင်းစဉ်နဲ့ ၂၀၂၅ ဒီဇင်ဘာမှာရေးထားဖူးတဲ့ article ကို အရင်ဆုံး ဖတ...

