ကျွန်တော်ဒီနေ့ aws ရဲ့ update news တစ်ခုဖြစ်တဲ့ aws eks mcp server အကြောင်းကိုရှင်းပြပေးချင်ပါတယ်။ mcp server တွေမသုံးခင်တုန်းက ကျွန်တော်တို့တွေဟာ အရင်ဆုံး traditional နည်းလမ်းအတိုင်း kubectl command တွေကိုသုံးပြီး အလုပ်လုပ်တယ် မသိတာရှိရင် googel ခေါက်တယ် အဖြေရပြီဆို ကိုယ့်ရဲ့ machine မှာစမ်းတယ်။ နောက်တော့ AI ( ChatGPT, DeepSeek, etc.. ) တွေကို မေးကြတယ်။ AI တွေဟာ pretrained လုပ်ထားတဲ့ data တွေနဲ့အလုပ်လုပ်တယ်။ issue တွေကိုရှင်းနိုင်ဖို့ solution တွေထုတ်ပေးတယ်။ ဒါပေမယ့် action မလုပ်ပေးနိုင်ဘူး။ ဆိုလိုတာက AI ကနေ command တစ်ခုကို ထုတ်ပေးလိုက်တယ်။
eg. kubectl get cm -n dev ဆိုပြီးထုတ်လိုက်တယ်။ ဒါပေမယ့် သူက အဲ့ command ကို မ run ပေးနိုင်ဖူး။ အဲ့နေရာမှာ action လုပ်ပေးနိုင်တဲ့ MCP ဆိုတာပေါ်လာတယ်။
⚠️ စာမဖတ်ခင် ကြိုသတိပေးချင်တာက ဒါတွေဟာ အခုမှအစပဲရှိသေးတာမလို့ ကျွန်တော်အပါအဝင် ဘယ်သူကမှတိကျအောင်မရှင်းပြနိုင်ပါဖူး။ knowledge sharing အနေနဲ့ နားလည်သလောက်ကိုရှင်းပြပေးထားခြင်းသာဖြစ်ပါတယ်။ eks mcp server ဆိုတာမရှင်းပြခင်မှာအရင်ဆုံး mcp server ဆိုတာကိုရှင်းပြဖို့လိုမယ်ထင်ပါတယ်။
AI agent တွေဟာ code တွေရေးပေးနိုင်တယ် document တွေ report တွေလုပ်ပေးနိုင်တယ်။ ဒါပေမယ့် real world မှာတကယ်သုံးပြီဆို အမှားတွေများတယ် မသေချာတာတွေထုတ်ပေးတယ်။ MCP ပေါ်လာပြီးတဲ့နောက်မှာ AI agent တွေဟာ ကျွန်တော်တို့ မေးလိုက်တဲ့ မေးခွန်းတွေကို ဖြေပေးတာအပြင် content တွေကို file ထဲမှာ save လုပ်ပေးသလိုအသုံးဝင်တဲ့ task တွေကိုပါ ပိုကောင်းအောင်လုပ်နိုင်လာတယ်။ မြင်သာအောင်ပြောရရင် MCP (Model Context Protocol) ဆိုတာ AI Agent တွေကို Real-World Tasks တွေလုပ်နိုင်အောင် ကူညီပေးတဲ့ Standard Protocol တစ်ခုဖြစ်ပါတယ်။ mcp server တွေကို run ဖို့အတွက်ဆို mcp client လိုပါတယ်။ အသုံးများတဲ့ client တွေဟာ Cline AI နဲ့ Cursor IDE တို့ဖြစ်ပါတယ်။ ကျွန်တော်ကတော့ Cline ကို vscode မှာ extension အနေနဲ့ ထည့်ပြီးသုံးပါတယ်။
EKS MCP SERVER
eks mcp server ဆိုတာကတော့ eks cluster တွေကို Cline ကနေ prompt ပေးလိုက်တာနဲ့ EKS API နဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်သွားမှာဖြစ်တယ်။ ဒီနေရာမှာ IAM profile အတွက် လိုအပ်တဲ့ role တွေသတ်မှတ်ပေးရပါမယ်။ အောက်က link တွေမှာဖတ်လို့ရပါတယ်။ Cline မှာ configure eks-cmp-server from awslabs using uv python package manager လို့ရိုက်လိုက်တာနဲ့ Cline ကနေ လုပ်ပေးသွားမှာဖြစ်ပြီး configuration ပြီးသွားရင်အောက်ကလို mcp config json ထွက်လာပါလိမ့်မယ်။ နောက်ကွယ်မှာ mcp client ကနေပြီးတော့ uvx awslabs.eks-mcp-server@latest ကို run ပြီး eks mcp server ကို configure လုပ်ပေးသွားပါလိမ့်မယ်။ Cursor IDE သုံးမယ်ဆိုရင်တော့ mcp server json ကို manual ထည့်ပေးရပါမယ်။ EKS MCP server ကနေ Cline ( mcp client ) နဲ့ aws eks api ကို ချိတ်ဆက်လို့ရအောင် လုပ်ပေးလိုက်ပါတယ်။ ပြီးတာနဲ့ prompt တွေ ( eg. List all pods in the default namespace ) စတင်ပြီးသုံးလို့ရသွားပါပြီ။ MCP server ကနေ အဲ့ဒီ prompt တွေကို AWS API call တွေဆီ translate လုပ်ပြီး ပို့ပေးသွားမှာဖြစ်ပါတယ်။ ပြီးမှ ရလာတဲ့ result တွေကို client ဆီ ပြန်ပို့ပေးမှာဖြစ်ပါတယ်။ aws မှာ Amazon Nova Canvas MCP Server , Amazon MQ MCP Server တို့လို အခြား MCP server တွေလည်းရှိပါတယ်။
MCP အကြောင်းကို အောက်က link မှာ ပိုမြင်သာအောင်ဖတ်နိုင်ပါတယ်။
EKS MCP server အကြောင်းကိုအောက်က link တွေမှာ ပိုမြင်သာအောင်ဖတ်နိုင်ပါတယ်။
Demo ကြည့်ချင်ရင်တော့ အောက်က link တွေမှာ ကြည့်နိုင်ပါတယ်။
- Meet MCP Servers | Context-Aware AI for Amazon EKS and ECS
- Official AWS MCP Servers Create, Deploy, Fix Kubernetes Cluster
အဆုံးထိဖတ်ပေးကြလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ
Discussion
Join the conversation
How do you feel about this article?
Comments
Sign in to join the conversation
Sign in to be the first to comment!
Share Your Article
Share with your professional network
Recent Articles

Day 2 - GitHub Actions ရဲ့ အဓိက Concepts များနှင့် Runner အကြောင်း
ပြီးခဲ့တဲ့အပတ် Day 1 တုန်းက ကျွန်တော်တို့ CI/CD ရဲ့ Concept တွေကို အကြမ်းဖျင်း ပြောခဲ့ကြပြီးပြီနော်။ ဒီနေရာမှာ လက်တွေ့မစ...
Day 1 - Software Development ကို ပိုပြီးမြန်စေမယ့် CI/CD
Software တစ်ခုရေးပြီးပြီဆိုရင် "ငါ့စက်ထဲမှာတော့ အလုပ်လုပ်တယ်" ဆိုရုံနဲ့ မပြီးသေးပါဘူး။ User တွေသုံးမယ့် Server ပေါ်ရောက်...

Secure AWS ECR Github Action Using OIDC
Modern DevOps နှင့် Cloud Security တို့မှာ အဓိကဖြစ်လာသည့် Authentication System ယနေ့ခေတ် DevOps, Cloud Engineering, CI/C...

Manual vs Automated Infrastructure: Why "useradd" Still Matters in the Terraform Era
DevOps careerကို လျှောက်နေတဲ့သူတိုင်း Terraform၊ Ansible စတဲ့ Infrastructure as Code (IaC) tools တွေရဲ့ အလုပ်လုပ်နိုင်စွ...
From Surviving to Thriving
“AI ကြောင့် developer အလုပ်ပျောက်သွားမလား?” ဆိုတဲ့ မေးခွန်းကို Junior developer တိုင်း စဉ်းစားဖူးကြမှာပါ။ ဈေးကွက်အခြေအနေ...

