အားလုံးပဲ မင်္ဂလာပါ Devops ကို ခုမှစလေ့လာမဲ့သူတွေကို ကြိုဆိုပါတယ်ဗျာ !
DevOps လို့ပြောလိုက်တာနဲ့ပဲ Linux ဆိုတဲ့ စကားလုံးကို မကြားဖူးတဲ့သူ မရှိသလောက်ပါပဲ။ ကမ္ဘာ့အကြီးဆုံး Tech Company တွေ၊ Cloud Provider တွေနဲ့ Server တွေအားလုံးက ဒီ Operating System ကို ဘာကြောင့် ဒီလောက် အားကိုးနေရတာလဲ? DevOps Engineer တစ်ယောက်အနေနဲ့ မဖြစ်မနေ တတ်မြောက်ရမယ့် ပထမဆုံး အခြေခံပညာရပ်က ဘာကြောင့် Linux ဖြစ်နေရတာလဲ?
ဒီ article မှာ၊ ဒီအခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး မေးခွန်းကို ဖြေပေးသွားမှာပါ။ ဘာကြောင့် Linux လဲ? ဆိုတာကို လေ့လာလိုက်ရအောင်။
Linux is Everywhere That Matters (The Server Side)
ကျွန်တော်တို့ personal computerတွေအတွက် ထုတ်ထားတဲ့ Windows နဲ့ macOS တွေနဲ့ မတူတာက Linux ကို Server တွေ အတွက် အဓိက တည်ဆောက်ထားတာပါ။ ကမ္ဘာပေါ်က Public Cloud workload တွေရဲ့ ၉၀% ကျော်ဟာ Linux ကို အသုံးပြုပြီး လည်ပတ်နေတာပါ။ Google၊ Amazon (AWS)၊ Facebook စတဲ့ နာမည်ကြီး ဝက်ဘ်ဆိုဒ်တွေရဲ့ နောက်ကွယ်မှာ Linux တွေရှိနေပါတယ်။ DevOps အတွက် မရှိမဖြစ်လိုအပ်တဲ့ နည်းပညာတွေဖြစ်တဲ့ Docker Containers နဲ့ Kubernetes တွေကလည်း မူရင်းအားဖြင့် Linux ပေါ်မှာ အခြေခံထားတာပါ။
အချုပ်အားဖြင့် ပြောရရင်၊ အင်တာနက်ကို အသက်သွင်းထားတဲ့ Infrastructure တွေနဲ့ အလုပ်လုပ်ချင်ရင် Linux ကို တတ်ကိုတတ်ရပါမယ်။
Open Source: The Power of Collaboration
Linux ဟာ Open Source ဖြစ်ပြီး free သုံးလိုရတာက သူ့ရဲ့ အဓိက အားသာတဲ့အချက်တစ်ချက်ပါ ။ open source ဆိုတာက Linux kernel ရဲ့ source code တွေကို မည်သူမဆို ကြည့်လို ပြင်လိုရပြီး Linux ကိုလည်း မည်သည့် hardware ပေါ်မှာမဆို free install လုပ်ပြီး အသုံးပြုလိုရတာကို ဆိုလိုတာပါ။ code တွေက open source ဖြစ်တဲ့အတွက် ကမ္ဘာတစ်၀န်းက developer ထောင်သောင်းများစွာက စစ်ဆေးကြတဲ့အတွက် security အားနည်းချက်တွေကို တစ်ခြား operating system တွေထက် မြန်မြန်ရှာတွေ့ပြီး ပြုပြင်နိုင်ပါတယ်။ ဒါကြောင့် security ပိုင်းမှာလည်း စိတ်ချရပါတယ်။ ဒါ့အပြင် open source ရဲ့ သဘောသဘာ၀ကြောင့် Linux မှာ versions ပေါင်းရာနဲ့ချီရှိပါတယ်။ ဒါတွေကို ကျွန်တော်တိုက Distributions(Distros) လိုခေါ်ပါတယ်။
Devops မှာ အသုံးများတာကတော့ --
- Ubuntu: beginner friendly ဖြစ်ပြီး cloudမှာလည်း အသုံးများပါတယ်
- CentOS/RHEL: highly stable ဖြစ်ပြီး enterprise environments မှာ အသုံးပြုလေ့ရှိပါတယ်
- Alpine Linux: size က အတော်လေး small and light weight ဖြစ်တာကြောင့် Docker Container တွေအတွက် သင့်တော်ပါတယ်
Command Line Interface (CLI)
Linux server အများစုက graphical user interface(GUI) မပါဘဲ Command Line Interface(CLI)နဲ့ run ကြပါတယ်။ CLI ပေါ်မှာ run တဲ့ action တိုင်း(ဥပမာ-software install လုပ်တာ၊ log check တာမျိုး)ကို script တစ်ခုထဲမှာ record လုပ်ထားပြီး အချိန်မရွှေး ပြန် run လိုရပါတယ်။ဒါက ဒီ DevOps ရဲ့ Infrastructure Automation ရဲ့ foundation သဘောတရားပါ။ ပြီးတော့ SSH လို command တွေသုံးပြီး ကမ္ဘာ့ တစ်ဖက်မှာရှိတဲ့ server တွေကိုလည်း remote manage လုပ်လိုရပါသေးတယ်။
ကျွန်တော်တိုအနေနဲ့ Linux ကို desktop environment အသစ်တစ်ခု့လို မသတ်မှတ်ဘဲ servers တွေ cloud တွေနဲ့ automation တွေအတွက် universal language တစ်ခုလို တွေးကြည့်လိုက်ရအောင်
Your First Challenge
ကျွန်တော်တို့ computer အများစုက Linux-like system (Linux kernel or Unix-like Os) ကို အသုံးပြုပါတယ်။(ဥပမာ- macOs)။ window သုံးနေတယ်ဆိုလည်း စိတ်မပူပါနဲ့ ။ Linux Commands တွေ စမ်းဖို့ Windows Subsystem For Linux(WSL) ကို install လုပ်ပြီး သုံးလို့ရပါတယ်။
Terminal (or WSL) ကိုဖွင့်ပြီး ဒီ command ကို ရိုက်လိုက်ပါ။
1whoamiပြီးရင် enter ခေါက်လိုက်ပါ။ ဒီ command က လက်ရှိသုံးနေတဲ့ user name ကို ပြောပြပေးတာပါ ။ဒါဆို ကျွန်တော်တို့ ပထမဆုံး Linux command ကို အောင်မြင်စွာ run လိုက်ပါပြီ။
နောက်ရက်တွေမှာ Linux File system နဲ့ ls, pwd, cd စတဲ့ commands တွေကို ဆက်လေ့လာသွားမှာပါ။
Discussion
Join the conversation
How do you feel about this article?
Comments
Sign in to join the conversation
Sign in to be the first to comment!
Share Your Article
Share with your professional network
Recent Articles
Day 1 - Software Development ကို ပိုပြီးမြန်စေမယ့် CI/CD
Software တစ်ခုရေးပြီးပြီဆိုရင် "ငါ့စက်ထဲမှာတော့ အလုပ်လုပ်တယ်" ဆိုရုံနဲ့ မပြီးသေးပါဘူး။ User တွေသုံးမယ့် Server ပေါ်ရောက်...

Secure AWS ECR Github Action Using OIDC
Modern DevOps နှင့် Cloud Security တို့မှာ အဓိကဖြစ်လာသည့် Authentication System ယနေ့ခေတ် DevOps, Cloud Engineering, CI/C...

Manual vs Automated Infrastructure: Why "useradd" Still Matters in the Terraform Era
DevOps careerကို လျှောက်နေတဲ့သူတိုင်း Terraform၊ Ansible စတဲ့ Infrastructure as Code (IaC) tools တွေရဲ့ အလုပ်လုပ်နိုင်စွ...
From Surviving to Thriving
“AI ကြောင့် developer အလုပ်ပျောက်သွားမလား?” ဆိုတဲ့ မေးခွန်းကို Junior developer တိုင်း စဉ်းစားဖူးကြမှာပါ။ ဈေးကွက်အခြေအနေ...

AWS - Global Infra
AWS Global Infra AWS Global Infra & Service Type ဆိုတဲ့ ခေါင်းစဉ်နဲ့ ၂၀၂၅ ဒီဇင်ဘာမှာရေးထားဖူးတဲ့ article ကို အရင်ဆုံး ဖတ...

