AWS Global Infrastructure & Service Types
AWS က သူရဲ့ Global Infrastructure ကို လက်ရှိမှာ Region ၃၈ ခု၊ Availability Zone (AZ) ၁၂၀ ကျော် တည်ဆောက်ထားပြီး Service ပေးထားပါတယ်။ AZ တစ်ခုစီမှာ power, cooling, networking, physical security စတဲ့ infrastructure components တွေကို သီးခြားစနစ်နဲ့ တည်ဆောက်ထားသောကြောင့် AZ တစ်ခုမှာ fault ဖြစ်သွားလျှင် အခြား AZ များကို ထိခိုက်မှု အလွန်နည်းပါသည်။
Region တစ်ခုတွင် AZ ၃ ခု သို့မဟုတ် အထက် ပါဝင်ပါတယ်။ ဥပမာ။ us-east-1 (N. Virginia) တွင် AZ ၆ ခုရှိပြီး ၂၀၂၅၊ ဇန်နဝါရီလတုန်းက Launch လုပ်ခဲ့တဲ့ Thailand Region မှာဆို AZ ၃ ခုရှိပါတယ်။
Application ကို Deploy လုပ်တဲ့အခါ User နဲ့ နီးစပ်တဲ့ Region ကိုရွေးခြင်းက Latency လျော့ချနိုင်ပြီး၊ Customer သုံးလိုသော AWS Service များ Region အလိုက် Available ဖြစ်မဖြစ်ကို စိစစ်ရန်လဲ လိုအပ်သည်။ Service တူညီသော်လည်း Region အလိုက် Pricing Differences ရှိနိုင်သည့်အတွက် Region Selection လုပ်ရာမှာ Service Availability, Pricing, Compliance Requirements စတဲ့အချက်တွေကို သေချာစွာ သုံးသပ်ရန် လိုအပ်ပါတယ်။

AWS Services Type
AWS service တွေမှာ Scope အရ Zonal / Regional / Global ဆိုပြီး service type ၃ မျိုးရှိပါတယ်။
ကိုယ်သုံးမည့် resource/service ရဲ့ scope သို့ service type ကို သိထားခြင်းသည် High Availability, Fault Tolerance, Latency, Cost Planning အတွက်သာမက Cloud Architecture အတွက် resource placement ကိုမှန်မှန် နေရာချပြီးဆွဲနိုင်ရန်အတွက်ပါ အသုံး၀င်ပါတယ်။
Zonal Services
Availability Zone တစ်ခုထဲမှာ runနိုင်တာကို zonal service လို့ခေါ်ပြီး ကိုယ် deploy လုပ်ထားတဲ့ AZ failure ခဲ့ပါက service မရရှိနိုင်ပါဘူး ။
Zonal Examples / AZ-level resources တွေကတော့
- EC2 Instances
- EBS Volumes
- Subnet
Tips!
High Availability လိုရင် Multi-AZ deployment လုပ်သင့်ပြီး Architecture Placement လုပ်လျှင် AZ-level resources ကို Regional backbone ထဲတွင် ထည့်သင့်ပါတယ်။
Regional Services
သူရဲ့ service က Region တစ်ခုလုံးအတွင်းရှိ AZ များအားလုံးကို coverဖြစ်ပါတယ်။ AZ တစ်ခု failure ဖြစ်လည်း Region အတွင်း service ဆက်သုံးနိုင်ပါတယ်။
Regional Examples / Regional-level resources တွေကတော့
- Amazon VPC (Region-wide networking)
- Internet Gateway (IGW)
- Transit Gateway (TGW)
- Amazon RDS (Multi-AZ)
- Amazon SQS
- Amazon S3 – Default bucket region scope
Global Services Global Control Plane / Multi-Region Data Plane
သူကတော့ Multi-Region / Edge Locations, Global-level services ဖြစ်ပါတယ်။
Global Examples / Global-Level resources တွေကတော့
- AWS IAM – Identity & Access Management
- Amazon Route 53
- CloudFront
- AWS Global Accelerator
- AWS Organizations
- AWS WAF
see you ပါ။
Discussion
Join the conversation
How do you feel about this article?
Comments
Sign in to join the conversation
Sign in to be the first to comment!
Share Your Article
Share with your professional network
Recent Articles

AWS - Application Load Balancer
Elastic Load Balancing (ELB) ELB ဆိုတာကတော့ request တွေကို တစ်နေရာတည်းမှ လက်ခံကာ Amazon EC2 instances၊ containers, etc.....

Terraform Day 3: Benefits of Terraform State
Terraform ကိုလေ့လာ တဲ့အခါ ကျွန််တော်တို့ရဲ့ Project Folder ထဲမှာ terraform.tfstate ဆိုတဲ့ ဖိုင်လေးကို တွေ့ဖူးကြပါလိမ့်မယ...

Terraform Day 2: Essential IaC Principles You Must Know
မနေ့ကတော့ Terraform အကြောင်း အကြမ်းဖျင်း Concept ကို ပြောပြခဲ့ပြီးပြီဆိုတော့ ဒီနေ့မှာတော့ Terraform ကို Professional ကျက...

TCP/IP Protocol
အားလုံးပဲမင်္ဂလာပါ။ ဒီနေ့ ကျွန်တော်တို့ TCP/IP Protocol အကြောင်း ဆွေးနွေးသွားပါမယ်။ ပထမဆုံးအနေနဲ့ TCP/IP ရဲ့ History လေး...

Terraform Day 1: Introduction to IAC and Terraform
ကျွန်တော်တို့ cloud အကြောင်း စပြောကြပြီဆိုရင် အရင်ဆုံး ခေါင်းထဲရောက်လာတာ Console ထဲဝင်၊ UI ကနေ ခလုတ်လေးတွေ လိုက်နှိပ်ပြီ...
